Wednesday, August 14, 2013

0

Gtalk အကောင့်များခွဲသုံးခြင်း

Posted in
တစ်ပြိုင်နက်ထဲ GTalk  အကောင့်တစ်ခုထက်ပိုသုံးချင်သူတွေအတွက်                                  

Author ------ ရန်နိုင်ဦး

ကျွန်တော်တို့ အင်တာနက်ဆိုင်တွေမှာ သွားသုံးရင် GTalk ကို အကောင့်တွေခွဲသုံးလို့ရတာတွေ့ဘူးပါလိမ့်မယ်။အဲဒါမျိုး အိမ်မှာပြန်သုံးရင် မရတတ်ကြပါဘူး။Gtalk ကတစ်ခါဖွင့်ရင် တစ်ခုဘဲပေါ်တတ်ပါတယ်။ဒီတော့ Multiple Gtalk window တွေရအောင်လုပ်ကြည့်ပါမယ်။အောက်မှာလေ့လာကြည့်ပါ။
ပထမဆုံး Destop ပေါ်မှာ Right Click နှိပ်ပြီး New Tab ထဲက Shortcut ကိုနှိပ်ပါ။

ပြီးရင် ပေါ်လာတဲ့ Box မှာအောက်က စာသားကိုရိုက်ပါ။
"C:\Program Files\Google\Google Talk\googletalk.exe" /startmenu /nomutex
ရိုက်ပြီးရင် Next ကိုနှိပ်ပါ။(အပေါ်ကစာသားကို Box မှာတစ်ပုံစံတည်းတူအောင်ရိုက်ပါ။မှားရင် အလုပ်လုပ်မှာ မဟုတ်ပါဘူး။)

ပြီးရင် အောက်ကပေါ်လာတဲ့ Box မှာ ကိုယ်ကြိုက်တဲ့နာမည်ပေးပါ။ကျွန်တော်က My Talk လို့ပေးလိုက်ပါတယ်။ပြီးရင် Finish ကိုနှိပ်ပါ။

ပြီးရင် My Talk ကိုနှိပ်ပြီး ဖွင့်ကြည့်ပါ။အောက်ကလို Gtalk Window ခွဲတွေဖွင့်လို့ရပါလိမ့်မယ်။တစ်ခါတစ်လေ Gtalk Box တွေကထပ်နေတတ်ပါတယ်။ဒီတော့နှစ်ခုလောက်ဖွင့်ပြီး Gtalk ကိုနှိပ်ပြီး ဘေးကိုဆွဲကြည့်ပါ။အဆင်ပြေပါလိမ့်မယ်။

ဒီဟာကိုစာအုပ်အဖြစ်ဒေါင်းထားချင်သူတွေအတွက်လင့်ပါ။အောက်မှာဒေါင်းပါ။

0 comments: